ဆိုလာပြားတစ်ချပ်မှာ လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးနိုင်တဲ့ ဆိုလာဆဲလ်လေးတွေပါဝင်ပါတယ်။
နေအလင်းရောင်မှာပါဝင်တဲ့ အလင်းမှုန်တွေကနေ ဆိုလာဆဲလ် အတွင်းမှာရှိတဲ့လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ အလင်းမှုန်တွေဟာ ဆီလီကွန်အက်တမ်များမှ ပိုလျှံနေသော လျှပ်စစ်ဓါတ်မှုန်များကို ရိုက်ခတ်ကာ လျှပ်စစ်ဓါတ်မှုန်များကို ထွက်ရှိလာစေပါတယ်။
လျှပ်စစ်ဓါတ်မှုန်လေးများ ထွက်ရှိရာမှ လျှပ်စစ်ဗို့အားထွက်ပေါ် လာပါတယ်။
အတွင်းပိုင်းမှာရှိတဲ့ လျှပ်စစ်စက်ကွင်းကနေ ဆဲလ်များရဲ့ ရှေ့မျက်နှာပြင်ရှိ လျှပ်စစ်ဓါတ်မှုန်များကို တွန်းကန်စေတာကနေ လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေပါတယ်။
ထွက်ပေါ်လာတဲ့ လျှပ်စစ်စီးကြောင်းဟာ အခြားဆဲလ် (သို့) အသုံးပြုမည့် နေရာများဆီသို့ ဆက်လက် စီးဆင်းသွားခြင်းဖြင့် လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးတာဖြစ်ပါတယ်။