ဆိုလာတပ်ဆင်အသုံးပြုရင် ဘယ်လောက်ကုန်ကျစရိတ်သက်သာနိုင်သလဲ???

ရုတ်တရက် တွက်ကြည့်လိုက်ရင်တော့ ကနဦးကုန်ကျစရိတ်ဟာ မီးစက်ဝယ်လိုက်တာထက်များတယ်လို့ ထင်နိုင်ပေမယ့် အရည်အသွေးကောင်းမွန်တဲ့ Inverter များ၊ Battery များနဲ့ တွဲသုံးမယ်ဆိုရင် စက်သုံးဆီကုန်ကျစရိတ်အများကြီးကိုလည်း လျှော့ချနိုင်တဲ့အပြင် မီးစက်ကထွက်တဲ့ ဆူညံသံတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ကြုံတွေ့ရမှာ မဟုတ်တော့ပါဘူး။

ဆိုလာပြားတွေကို ထိန်းသိမ်းမှု ကုန်ကျစရိတ်နည်းပါးသလို၊ ဆိုလာပြားပေါ်မှာ ဖုန်မှုန့်များနှင့် တခြားနေရောင်ခြည်ကို အဟန့်အတားဖြစ်စေသောအရာများ ဖုံးလွှမ်းနေမှသာ ရေဆေးပေးရန် (သို့)ဖယ်ရှားပေးရန်သာ လိုအပ်ပါတယ်။
အရည်အသွေးအကောင်းဆုံး ဆိုလာပြားတွေက သတ်မှတ်ကာလကျော်လွန်သွားရင်တောင်မှ အကုန်ပျက်စီးသွားတာမဟုတ်ဘဲ Power Efficiency လျော့သွားတာလောက်ပဲရှိပါတယ်။

❝Solar နဲ့ ပတ်သတ်ပြီး အမေးများတဲ့ မေးခွန်းများရဲ့ အဖြေလေးများ❞

Leave a Reply

Your email address will not be published. Required fields are marked *