အိမ်သုံး အင်ဗာတာလေးတွေ အသုံးပြုဖို့ ရွေးချယ်တဲ့အခါ ဘယ်လိုရွေးချယ်မလဲ?

အင်ဗာတာရဲ့ ဗို့ (Input Voltage) ကို ဦးစားပေး ရွေးချယ်မှာလား? ဒါမှမဟုတ် အင်ဗာတာရဲ့ ထုတ်ပေးနိုင်တဲ့ ပါဝါ (Output Power) ကို ဦးစားပေးမှာလား?

လျှပ်စစ်မီးပျက်တောက်သွားချိန်မှာ မိမိတို့အိမ်ရှိ မီးသီး၊ မီးသီး၊ ပန်ကာစတဲ့ လျှပ်စစ်ပစ္စည်းများကို အချိန်အတိုင်းအတာ တစ်ခုအထိ အသုံးပြုချင်တယ်ဆိုရင် အရံလျှပ်စစ် ဓာတ်အားပေးစနစ်ခုကို စဉ်းစားဖို့ လိုအပ်လာပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ စဉ်းစားကြတာက ဓာတ်ဆီ-ဒီဇယ်မီးစက်၊ အင်ဗာတာနဲ့ ဘတ္တရီ၊ ခုနောက်ပိုင်း ဆိုလာစနစ် စတာတွေပါ ထည့်သွင်းစဉ်းစား လာကြပါတယ်။

အခု ဆွေနွေးဖော်ပြချင်တာက ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေက အိမ်ထောင်စုငယ်တွေ၊ လုပ်ငန်းငယ်တွေကနေ နယ် (သို့) မြို့ရွာတွေမှာရှိတဲ့ အိမ်ထောင်စုတွေ စတဲ့ နေရာတွေမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားချိန် လိုအပ်တဲ့ အရံဓာတ်အားအတွက် အိမ်သုံး အငယ်စား၊ အလတ်စား အင်ဗာတာနဲ့ တွဲဖက်မယ့် ဘတ္တရီ အတွဲအဆက်အကြောင်းကို ပြောပြပေးချင်ပါတယ်။

လျှပ်စစ်ကို ရေပိုက်တစ်ခုထဲမှာ စီးဆင်းမယ့်ရေလို့ ဥပမာ ထားကြည့်ပါမယ်။ ရေစီးဆင်းဖို့အတွက် အား တစ်ခု လိုအပ်ပါမယ်။ အဲ့ဒီအားက ဗို့ (Voltage) ပါ။ စီးဆင်းတဲ့ရေက လျှပ်စစ်စီးကြောင်း Current ( I ) ပါ။ စီးဆင်းလို့ရလာတဲ့ရေပမာဏက Power ( P ) ပါ။

 ညီမျှချင်း ချကြည့်မယ်ဆိုရင်-

{P = VI} ဖြစ်ပါတယ်။

ဒီ ညီမျှခြင်းလေးနဲ့ အင်ဗာတာနဲ့ ကျူဗျူလာ ဘတ္တရီ (Tubular Battery) အတွဲအဆက်လေး ချိတ်ဆက် အသုံးပြုပုံအကြောင်း ရှင်းပြပေးသွားပါမယ်။ Tubular Battery ‌‌ေတွက မူလရည်ရွယ်ချက်နဲ့ အတွင်းပိုင်း ပလိပ်ပြား တည်ဆောက်ပုံအရ အရံလျှပ်စစ်ဓာတ်အား သိုလှောင်သိမ်းဆည်းခြင်းမှာ အင်ဗာတာနဲ့ ချိတ်ဆက်အသုံးပြုဖို့ ပိုမိုကောင်းမွန်စွာ လည်ပတ်လုပ်ဆောင်နိုင်ပါတယ်။

 

ဒီလို ဂုဏ်သတ္တိ ေတွပါတဲ့ Tubular Battery တစ်လုံးက 12V/ 200AH ရှိတယ်ဆိုပါစို့။ သူ့ရဲ့ ဒီစီ လျှပ်စစ် တွန်းအားက 12V ရှိပြီး တစ်နာရီကို လျှပ်စစ်ပမာဏ 200 Ampere ထုတ်ပေးနိုင်ပါတယ်။ ဘတ္တရီတစ်လုံးက သူ့ချည်း အလုပ်မလုပ်နိုင်ဘဲ လျှပ်စစ်တွန်းအား-ဓါတ်အားတွေကို ဆွဲယူပြီး သုံးစွဲနိုင်တဲ့ Power ထွက်ရှိအောင် ေပြာင်းလဲပေးမယ့် အင်ဗာတာ လိုအပ်လာပါတယ်။

အင်ဗာတာမှာလည်း ဘတ္တရီလိုပဲ တွန်းအားပမာဏ ဖော်ပြချက် Voltage ၊ ဘယလောက်အထိ ပါဝါထုတ်ပေးနိုင်လဲဆိုတဲ့ Output Power ဖော်ပြချက်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် အင်ဗာတာက သူ့ချည်းပဲ သပ်သပ် အလုပ်မလုပ်နိုင်ပါဘူး။ ဘတ္တရီနဲ့ တွဲဆက်ပြီးမှသာ Alternative Current (AC Power) ကို ထုတ်လွှတ်ပြီး အသုံးပြုနိုင်တဲ့ ပါဝါကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အင်ဗာတာရဲ့ ဗို့အားထုတ်လွှတ်နိုင်စွမ်းက နည်းပြီး ဘတ္တရီရဲ့ AH က ကြီးနေမယ်ဆိုရင် အားပြန်သွင်းချိန် ကြာပါမယ်။ နောက်တစ်ခု အနေနဲ့ အင်ဗာတာကတော့ မိမိသုံးချင်တဲ့ လျှပ်စစ်ပမာဏနဲ့ လိုက်ဖက်တယ်ဆိုပေမယ့် ဘတ္တရီ AH သေးငယ်‌ေနမယ်ဆိုရင်လည်း အချိန်အနည်းငယ်သာ သုံးနိုင်ပြီး ရေရှည်မှာ ဘတ္တရီမခံနိုင်မှာမျိုး ဖြစ်နိုင်ပါတယ်။

ဒါကို ကျွန်တော်တို့ မြန်မာနိုင်ငံဈေးကွက်မှာ လူပြောများပြီး အသုံးများနေတဲ့ အိန္ဒိယနိုင်ငံထုတ် အင်ဗာတာနဲ့ ကျူဗျူလာဘတ္တရီ အတွဲအဆက်လေးများ အကြောင်းကို ဥပမာပေးပြောပြပေးပါမယ်။

မိမိတို့အိမ်မှာ မီးထွန်း၊ ဖုန်းအားသွင်း၊ တီဗွီကြည့်၊ ရေခဲသေတ္တာ၊ ပန်ကာသုံး စသည်ဖြင့် ဝပ် ၈၀၀ လောက် ကို မီးပျက်ချိန်မှာ ၃-၄ နာရီလောက် အသုံးပြုချင်တယ် ဆိုကြပါစို့။ တခါတရံ အိမ်အခြေအနေအရ ဝပ် ၈၀၀ လုံးသုံးမယ့်အခါလည်း ရှိမယ်၊ တခါတရံ ဝပ် ၈၀၀ ကိုကျော်ပြီး သုံးတဲ့အခါမျိုးလည်း ရှိမယ် စသည်ဖြင့်...။ အဲဒါအခါမှာ သုံးစွဲသူကို ဆိုင်ကနေ 1200W အထိထုတ်ပေးနိုင်တဲ့ အင်ဗာတာနဲ့ ကျူဗျူလာ 200AH တစ်လုံး အတွဲအဆက်ကို ဝယ်ဖို့ညွှန်လိုက်မယ်ဆိုရင် ကျွန်တော်တို့ နည်းနည်းလေး စဉ်းစားပြီး တွက်ကြည့်ရအောင်...။

ဒီတွက်ချက်မှုကို မလုပ်ခင် သိထားရမယ့် အခြေခံအချက်လေးတွေ ကတော့-

၁) ကျူဗျူလာ ဘတ္တရီတစ်လုံးဟာ ရေရှည်အသုံးခံပြီးကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ တစ်ကြိမ်တိုင်းမှာ ထုတ်ယူသုံးစွဲနိုင်တဲ့ ပမာဏက 50 Ampere DC ဖြစ်ပါတယ်။ အဲဒါထက်ပိုပြီး ထုတ်သုံးရမယ်ဆိုရင်တော့ ရေရှည်အသုံးမခံဘဲ မြန်မြန် ပျက်စီးလွယ်မှာပါ။

၂) အင်ဗာတာက နေ မိမိတို့လိုအပ်တဲ့ ပါဝါပမာဏ သုံးစွဲနိုင်ဖို့ ဘယ်သူ့ပေါ်မှာ မူတည်နေသလိုပဲ ဆိုရင် အင်ဗာတာရဲ့ Voltage နဲ့ ဘတ္တရီရဲ့ Ampere ‌ေပါ်မှာ မူတည်ပါတယ်။

 

အိန္ဒိယနိုင်ငံထုတ် 12V အင်ဗာတာတစ်လုံးနဲ့ ဘတ္တရီ တစ်လုံး က ေန သက်တောင့် သက်သာ အဆင်ပြေပြေနဲ့ ရေရှည်ခံအောင် လိုအပ် ‌ေနတဲ့ 1200Watt အပြည့် ထုတ်ပေးနိုင်မလား။

P= VI က နေတွက်ကြည့်ပါမယ်။
P= 12V x 50A
P= 600 W

(12V အင်ဗာတာနဲ့ ဘတ္တရီ ၁ လုံးကနေ ‌ကောင်းကောင်းမွန်မွန် အလုပ်လုပ်ပြီး သက်တမ်းပြည့် အသုံးနိုင်ဖို့ ထုတ်ပေးနိုင်တဲ့ ပါဝါပမာဏ ဖြစ်ပါတယ်။)

ဒီတော့ 1200W ထွက်တယ်ဆိုတဲ့ အင်ဗာတာက 1200W သုံးလို့ မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမယ့် ဘတ္တရီကို စဉ်းစားဖို့ လိုလာပါတယ်။ လိုအပ်တဲ့ 1200W ကို သုံးဖို့ဆိုရင် ဘတ္တရီ Ampere ဘယ်လောက် လိုအပ်မလဲဆိုရင်-

I= P/V
I= 1200/ 12
I= 100Ampere ဖြစ်ပါတယ်။

အဲဒီတော့ 12V ဘတ္တရီတစ်လုံး အများဆုံး ထုတ်ပေးနိုင်တာက 50Ampere ဖြစ်တဲ့အချိန်မှာ ကိုယ်လိုအပ်တဲ့ 1200W ရအောင် သုံးမယ်ဆိုရင် ဘတ္တရီ တစ်လုံးကပဲ 100A ထွက်ရတဲ့အတွက် မနိုင်ဝန်ထမ်းရသလို ဖြစ်ပြီး ရေရှည်အသုံးမခံဘဲ မြန်မြန်ပျက်စီး စေပါတယ်။

ဒါ့အပြင် တွန်းအား 12V လောက်နဲ့ ဝပ်အများကြီးကို သုံးတဲ့အခါမှာ အင်ဗာတာမှာပါ သက်ရောက်မှုအနေနဲ့ အပူဒဏ် မခံနိုင်တာ၊ ဘတ္တရီနဲ့ ချိတ်ဆက်ကြိုးတွေမှာလည်း အပူချိန်များလာတဲ့အတွက် ခုခံမှုတွေများပြီး စီးဆင်းနိုင်မှုတွေ ‌လျော့ကျကာ အားဝင်နည်းတာ- အားမဝင်တာတွေ ဖြစ်နိုင်ပါတယ်။

အဲဒါဆိုရင် မိမိတို့ အိမ် (သို့) လုပ်ငန်းက 600W နဲ့ 1600W ကြားရှိနေတယ်။ ဘတ်ဂျက်အရရော၊ ဈေးအရရောက Lithium ဘတ္တရီကိုလဲ မနိုင်ဘူးဆိုရင် ဖြေရှင်းလို့ရတာရှိနိုင်လား?

ဟုတ်ကဲ့၊ ရနိုင်ပါတယ်။

24V အင်ဗာတာနဲ့ 12V ဘတ္တရီ နှစ်လုံး အတွဲအဆက်လေးပဲ ဖြစ်ပါတယ် ခင်ဗျာ..။

အိန္ဒိယနိုင်ငံထုတ် 24V အင်ဗာတာတစ်လုံးနဲ့ 12V ဘတ္တရီ နှစ်လုံး က ေန သက်တောင့် သက်သာ အဆင်ပြေပြေနဲ့ ရေရှည်ခံအောင် လိုအပ်‌ေနတဲ့ 1200Watt အပြည့် ထုတ်ပေးနိုင်မလား?

အပေါ်က အတိုင်း သိပ္ပံနည်းလမ်းကျ စဉ်းစားပြီး ပြန်တွက်ကြည့်လိုက်ကြပါမယ်။

P= VI
P= 24V x 50A
P= 1200W

(အိန္ဒိယနိုင်ငံထုတ် 24V အင်ဗာတာတစ်လုံးနဲ့ 12V ဘတ္တရီ နှစ်လုံး က ေန သက်တောင့် သက်သာ အဆင်ပြေပြေနဲ့ ရေရှည်ခံအောင် ထုတ်ပေးနိုင်တဲ့ ပါဝါပမာဏ ဖြစ်ပါတယ်။)

ဘတ္တရီအနေနဲ့ ကြည့်မယ်ဆိုရင် အပေါ်က ပြောခဲ့တဲ့အတိုင်း 100Ampere လိုအပ်ချက်ကို ဘတ္တရီ နှစ်လုံးက ေန 50A စီ သက်တောင့်သက်သာ ထုတ်ပေးတာဖြစ်လို့ ဘတ္တရီကို သက်တမ်းပြည့် ကောင်းကောင်းမွန်မွန် သုံးရ ေစပါတယ်။ မနိုင်ဝန်ထမ်းရတာမျိုး မဖြစ်ဘဲ Output Power လည်း ကောင်းကောင်းရစေပါတယ်။ ဘတ္တရီအတွက်လည်း ကောင်းမွန်သလို အင်ဗာတာ ပျက်စီးနိုင်ချေလည်း နည်းပါးမှာ ဖြစ်ပါတယ်။

ဈေးတန်းအနေနဲ့ ကြည့်မယ်ဆိုရင် 12V အင်ဗာတာနဲ့ 12V ဘတ္တရီ တစ်လုံးအတွဲအဆက် ကုန်ကျငွေထက် 24V အင်ဗာတာနဲ့ 12V ဘတ္တရီ နှစ်လုံး အတွဲအဆက်က 20% ခန့်သာ ပိုမို ကုန်ကျမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ အင်ဗာတာနဲ့ ဘတ္တရီ အတွဲအဆက်ကို ရွေးချယ် ဝယ်ယူတဲ့အခါမှာ ပါဝါအားကောင်းတာ လိုချင်တယ်၊ လျှပ်စစ် အန္တရာယ်အတွက် စိတ်ချရပြီး ရေရှည်အသုံးခံတာမျိုးကိုလည်း လိုချင်တယ်။ Load အားများတဲ့ ပစ္စည်းတွေကိုလည်း အခု မသုံးတောင် နောင်ကို တိုးချဲ့သုံးလာနိုင်တယ် ဆိုရင် 24V အင်ဗာတာနဲ့ 12V ဘတ္တရီ နှစ်လုံး အတွဲအဆက်ကို သုံးဖို့ အကြံပြုချင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *